Subscribe to RSS Subscribe to Comments

Welcome Wai Phyo Aung Blog

ပြောချင်တာတွေ . . . .

ကျွန်တော်လည်း မအားမလပ်ဖြစ်နေတာတဲ့ ကျွန်တော့် Blog လေးကို ပစ်ထားသလိုဖြစ်နေတာ ကြာပေါ့။  ဒီရက်အတွင်း ပိုဆိုးသေးတယ်ဗျာ။ လုံးဝကို မအားမလပ်ပါဘူး။

ဒီတစ်ရက် နှစ်ရက်ပြီးရင်တော့ အေးအေးဆေးဆေးဖြစ်ဖို့ရှိပါတယ်။ အဲဒီကျရင်တော့ Blog ထဲမှာ ကျွန်တော် ရေးချင်တာတွေ၊ ပြောချင်တာတွေနဲ့ ရင်ထဲက ခံစားချက်လေးတွေကို ရင်ဖွင့်ချင်တယ်ဗျာ။ ပြီးတော့ မန္တလေးသတင်းတွေကိုလည်း တင်ချင်တယ်။ ရေးစရာတွေတော့ရှိတယ် ။ အေးအေးဆေးဆေး မဖြစ်သေးလို့ မရေးဖြစ်သေးတာ။ ကျွန်တော့် Blog လေးဆီကို လာရောက်အားပေးကြတဲ့ ဘော်ဒါတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ပို့(စ်)တွေ ဆက်တိုက် မတင်ဖြစ်တဲ့အတွက် ခွင့် လွှတ်ပေးပါဦးဗျာ။

တနင်္ဂနွေတစ်နေ့ကပေါ့

ပြီးခဲ့တဲ့ တနင်္ဂနွေတနေ့ကပေါ့   .   .   .

ကျွန်တော်နေတဲ့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ မန္တလေးတောင်ပေါ်ကိုတတ်ဖို့ မနက်ခပ်စောစော ဆိုင်ကယ်စီးပြီး ထွက်လာခဲ့တယ်။ ဆိုင်ကယ်ကို တောင်ခြေအောက်မှာ အပ်ခဲ့ပြီး တောင်ပေါ်ကို ခြေကျင်တတ်ခဲ့ကြတယ်။ တောင်ပေါ်ရောက်တော့ မြင်လိုက်ရတဲ့ ရှု့ခင်းက အရမ်းကို လှတယ်ဗျာ။ သူငယ်ချင်းတွေကိုလည်း မြင်စေ့ချင်လို့ ကျွန်တော် ဓာတ်ပုံရိုက်ခဲ့ပြီး တင်ပေးလိုက်ပါတယ် . . . ။


” alt=”Mandalay Hill” />

” alt=”Mandalay Hill 2″ />

ဆည်းဆာအလွမ်း

မန္တလေးမြောက်ဘက်ကျူံးရဲ့ ညနေနေ၀င် ဆည်းဆာအလှလေးကို မှတ်တမ်းတင်ခဲ့ပါတယ်။ ကျွန်တော့် Blog ဆီကို လာကြတဲ့ ပရိသတ်များအတွက်ပါ . . .

 

 

မန္တလေးအလွမ်းပြေ

    

ကျူးပစ်မှာ တနေ့တုန်းက မန်ဘာတစ်ယောက်က မန်းလေးပုံအသစ်လေးတွေ ကြည့်ချင်တယ်ဆိုလို့ ကင်မရာလေး ကိုင်ပြီး ဟိုရိုက် ဒီရိုက် ရိုက်ထားတဲ့ ပုံတွေပါ။ အဝေးရောက် မန်းသူ မန်းသားတွေအတွက် အလွမ်းပြေပေါ့ဗျာ . . .

အိပ်မက်လမ်း

ကျွန်တော့်ရဲ့  မွေးနေ့က သြဂုတ်လ 13ရက်နေ့လေ . . . ။ မွေးနေ့ဆိုပြီး သူငယ်ချင်းတွေနဲ့ လျှောက်လည် လျှောက်ကဲနေရလို့ အင်တာနက်တောင် သိပ်မသုံးဖြစ်ဘူး။ ဒီနေ့မှ အေးအေးဆေးဆေးဖြစ်တော့တယ်။ သူငယ်ချင်းတွေနဲ့ ပြင်ဦးလွင် တတ်ဖြစ်ခဲ့သေးတယ်။ ပုံတွေ အများကြီးရိုက်ခဲ့ပါတယ်။

ဒီပုံလေးတွေကို ကန်တော်ကြီးဥယျာဉ်ထဲမှာရိုက်ခဲ့တာပေါ့။ သူငယ်ချင်းတွေ ကစားနေကြတုန်း တစ်ယောက်တည်း လျှောက်ကြည့်ပြီး ရိုက်ခဲ့တာပါ။ ” အိပ်မက်လမ်း ” လို့ နာမည်ပေးထားပါတယ်။

              

ပန်း

 သုံးထပ်ရေတံခွန်ကို သူငယ်ချင်းတွေနဲ့ ဒီနေ့ ရောက်ခဲ့တယ်။ ဒါနဲ့ သုံးရာသီခြံထဲက ပန်းလေးတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ ကြည့်ရှု့အားပေးကြပါဦး . . . ။

 

 

  

မန္တလေးမြို့နှင့် လျှပ်စစ်မီး

ကျွန်တော်တို့မန္တလေးမြို့ မှာ အခုတလော လျှပ်စစ်မီးများ ၂၄နာရီ ရတဲ့ဘက်တွေမှာတော့ ရနေပြီး မရသေးတဲ့နေရာတွေမှာလည်း မရကြသေးပါဘူး။ ဘာပဲပြောပြော လျှပ်စစ်မီးတွေ ပြန်မှန်လာတဲ့အတွက်တော့ အလုပ်တွေ တော်တော်အဆင်ပြေပြီး မြို့ပြနေ လူထုလည်း စိတ်ချမ်းသာရတာပေါ့ဗျာ။ အမြဲတမ်းလျှပ်စစ်မီးမှန်မှန်လာမယ့်အချိန်ကိုတော့ မျှော်မှန်းမိပါရဲ့ဗျာ . . . ။

အာဇာနည်နေ့

ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးကို အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်းသွားခဲ့ကြတဲ့  ဗိုလ်ချုပ်အောင်ဆန်းအမှုးပြုတဲ့ အာဇာနည်၉ယောက် လုပ်ကြံခံလိုက်ရတဲ့ နေ့ဖြစ်ပါတယ်။ ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုတဲ့ အာဇာနည်အပေါင်းကို တစ်နိုင်ငံလုံးက ဂါရ၀ပြုကြတဲ့ နိုင်ငံတော်အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပါတယ်။ အာဇာနည်နေ့မှာ ကျွန်တော်ကိုယ်တိုင်ရေးသားဖွဲ့နွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ ဂါရ၀ပြုလိုက်ပါတယ်။

မမေ့နိုင်ရက်အား

 

 

နယ်ချဲ့ လက်တွင်းက နိုင်ငံတော်

ကယ်မယ့်သူကို မျှော်

ပေါ်ထွန်းလာခဲ့ ဇာနည်ဘွား

မမေ့နိုင်ရက်အား . . . ။

 

ကျောင်းသားအရွယ်တည်းကပင်

မျိုးချစ်စိတ်ဓာတ် ပြည့်ခဲ့အရှင်

ထူးချွန်ထက်မြက်မောင်ကျောင်းသား

သမဂ္ဂမှာ ကျော်စော်သား။

 

ကျောင်းမှထွက်၍ မှတဖန်

နိုင်ငံရေးထဲ ၀င်ခဲ့ပြန်

နယ်ချဲ့ ရန်ကို တော်လှန်သွား

သခင်များဖြင့် ခံယူထား။

 

စစ်ပညာကိုသင်ကြားရန်

ရဲဘော်သုံးကျိပ်ဖွဲ့စည်းပြန်

ဟိုင်နန်ကျွန်းမှ စပြုခဲ့

တို့တိုင်းပြည်ကြီးအတွက်။

 

အင်္ဂလိပ်ကို တွန်းလှန်ရန်

ဂျပန်များနှင့် ပူးပေါင်းပြန်

ဘီအိုင်အေကို ဖွဲ့စည်းထား

ပြည်တော်ဝင်ဖို့အား။

 

လွတ်လပ်ရေးကို ရဖို့ရန်

အင်္ဂလန်သို့ သွားရပြန်

အောင်ဆန်း-အက်တလီ စာချုပ်အား

လက်မှတ်ရေးထိုးခဲ့စေသား။

 

တိုင်းပြည်ပြန်လည်ထူထောင်ရန်

အစိုးရဖွဲ့  ဖွဲ့စည်းပြန်

နိုင်ငံရေးကို သူဝင်လုပ်

ဦးအောင်ဆန်းအဖြစ် ခံယူလို့။

 

ကမ္ဘာ့အလယ်မျက်နှာမငယ်

ထင်ပေါ်စေဖို့ဝယ်

ကျွန်တွင်းမှ သူဆွဲထုတ်

တို့လူမျိုးတွေ ကောင်းစားဖို့။

 

ပြည်သူများရဲ့  ဖခင်သဖွယ်

တိုင်းပြည်ကြီးကို တည်ထောင်ရွယ်

လွတ်လပ်ရေးအတွက် အသက်စွန့်သွား

မမေ့နိုင်ရက်အား . . . ။                       ။

ငယ်ငယ်တုန်းကပေါ့

ဒီနေ့ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့ . . . ၊

ငယ်ငယ်ကဆို ဒီလိုနေ့မျိုးဆို အရမ်းပျော်တာဘဲ။ ဘာလို့လဲ . . သိလား . . . ? ဒီနေ့ဆို ဘုန်းကြီးကျောင်းတိုင်းက လူတွေကို မုန့်ကျွေးတဲ့နေ့ပေါ့။  ဒီနေ့ရောက်ပြီဆို ရပ်ကွက်ထဲမှာ ကလေးတွေ လူစုပြီး ဘုန်းကြီးကျောင်းတိုက်တွေ တစ်တိုက်ပြီး တစ်တိုက် လိုက်ပြီး မုန့်စားကြတာပေါ့ဗျာ . . . ။ ဘုန်းကြီးကျောင်းတွေကို နေ့လယ်တစ်နာရီလောက်ဆို စပြီး မုန့်ကျွေးပြီ။ ကျောင်းတိုက် တစ်တိုက်နဲ့ တစ်တိုက်နဲ့က မုန့်တွေ မတူဘူးလေ။ တစ်ကျောင်းက မုန့်ဟင်းငါးဆို နောက်တစ်ကျောင်းက ကောက်ညင်းပေါင်း ပေါ့ . . .

ငယ်ငယ်ကဆို ဒီလိုနေ့မျိုးက ဗိုက်ခွေးနမ်းတဲ့နေ့ပေါ့ဗျာ။ ဒီနေ့လို နေ့မျိုးဆို ဗိုက်ကို ကားနေအောင် စားရတာဗျ။ မုန့်အမျိုးအစားတွေကို မှိတ်မိသလောက် ရွက်ပြမယ်။ မုန့်ဟင်းငါး၊ အာပူလျှာပူ၊ မုန့်လက်ဆောင်၊ ကြာဇံဟင်း၊ ကောက်ညင်းပေါင်းနဲ့ အကြော်၊ မုန့်လက်ဆောင်၊ အအေး၊ အုန်းနို့ခေါက်ဆွဲ၊ ရေခဲမုန့် . . . စသဖြင့်ပေါ့လေ . . . ။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ လိုက်စားခဲ့ရတာလေးကို  သတိရလိုက်တာဗျာ။  အခုတော့ ဘုန်းကြီးကျောင်းမှာ မုန့်လိုက်မစားရတာ နှစ်တွေ ကြာပေါ့ . . . :( ငယ်သူငယ်ချင်းတွေကိုလည်း လွမ်းတယ် . . . :(

ဝါဆိုလပြည့်နေ့

ဒီနေ့ ၀ါဆိုလပြည့်နေ့ဆိုတော့ ကျွန်တော် မနက်အစောကြီးကတည်းက နိုးနေတယ်။ ဘာလို့ဆိုတော့ ရပ်ကွက်ထဲက ဆွမ်းကြီးခံအဖွဲ့ရဲ့ ကြေးစည်ထုသံကြောင့်ပေါ့။ အိမ်ပေါ်ကဆင်းပြီး မနက်ခင်းရဲ့အလှကို ခံစားနေမိတယ်။

မန္တလေးရဲ့ ၀ါဆိုလပြည့်နေ့မနက်ခင်းကတော့ ကျက်သရေအရမ်းရှိပါပေတယ်ဗျာ။ ရပ်ကွက်အလိုက် ဆွမ်းကြီးခံအဖွဲ့တွေ ဆွမ်းခံနေကြတယ်။ အဖြူရောင်ပုဆိုးလေးတွေဝတ်ပြီး ကုသိုလ်ယူနေကြတယ်။ ဘုန်းကြီးတွေလည်း မနက်စောစော ဆွမ်းခံကြွနေတာ မနက်ခင်းတစ်ခုနဲ့ လိုက်ဖတ်ပါပေတယ်။ ဒါနဲ့ ပုံတွေ ရိုက်ရအောင်ဆိုပြီး အိမ်ပေါ်ကို ကင်မရာတတ်ယူပြီး ပြန်ဆင်းလာတော့ ဆွမ်းကြီးခံအဖွဲ့တွေတောင် သိပ်မရှိတော့ဘူး။ ရှိတဲ့ လူတွေကိုဘဲ ရိုက်ခဲ့လိုက်တယ်။ ဘုန်းကြီးနှစ်ပါး ဆွမ်းခံကြွနေပုံကိုလည်း ရိုက်ခဲ့သေးတယ်။ မန္တလေးမြို့ရဲ့ ၀ါဆိုလပြည့်နေ့ မနက်ခင်းကို သူငယ်ချင်းတွေ မြင်ရ ကြည့်ရအောင်လို့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

  

Next Page »


Based on FluidityTheme Redesigned by Kaushal Sheth Sponsored by Send Flowers